အရိုးပွရောဂါ ကို ကာကွယ်ဖို့ ဘာတွေ စားကြမလဲ
နေ့စဉ် စားသုံးနေတဲ့ အစားအစာတွေက အရိုး ကျန်းမာရေးအပေါ်မှာ သက်ရောက်မှုတွေ ရှိနေပါတယ်။ နေ့စဉ် စားသုံးမှုကနေ ရရှိတဲ့ ကယ်လ်ဆီယမ်၊ ဗီတာမင် ဒီ နဲ့ အခြားသော အာဟာရဓာတ်တွေက အရိုးကျန်းမာရေးအတွက် အရေးပါပါတယ်။ ဒါကြောင့် အရိုးကျန်းမာရေးကောင်းစေပြီး အရိုးပွတာမျိုး မဖြစ်အောင် ကာကွယ်ဖို့ နေ့စဉ် စားသုံးမှုမှာ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးဖို့ လိုပါမယ်။ ဒီတော့အရိုးပွတာကို ကာကွယ်ဖို့ စားပေးသင့်တာလေးတွေကို ပြောပြပေးမှာမို့ ဆုံးအောင် ဖတ်ကြည့်ပေးနော်။
အရိုးတွေ ကျန်းမာစေပြီး အရိုးပွခြင်း ကင်းစေဖို့ဆိုရင်
အရိုးပွတာကို ကာကွယ်ဖို့ ဒါလေးတွေ စားပေးသင့်ပါတယ်။
- နို့နဲ့ နို့ထွက်ပစ္စည်း
နို့ နဲ့ နို့ထွက်ပစ္စည်းတွေ မှာ ကယ်လ်ဆီယမ် ပါဝင်နေတာကြောင့် အရိုးပါးတာ၊ အရိုးပွတာတွေ မဖြစအောင် ကာကွယ်ပေးနိုင်ပါတယ်။ နေ့တိုင်း စားသုံးပေးနိုင်လေလေ ပိုကောင်းလေလေ ဖြစ်မှာပါ။
- ပဲအမျိုမျိုး
ပဲအမျိုးမျိုးမှာ ပရိုတင်း ပါဝင်နေတာက အရိုးသိပ်သည်းဆ ကောင်းစေပြီး အရိုးပွတာမျိုး မဖြစ်အောင် ကာကွယ်ပေးမှာပါ။
- အသား
အဆီမပါတဲ့ အသားတွေက ပရိုတင်း ပြည့်ဝစွာ ရရှိစေပြီး အရိုးပွတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ဒါကြောင့် အဆီမပါတဲ့ အနီရောင် အသား၊ အရေခွံဖယ်ထားတဲ့ ကြက်သားတွေကို စားပေးပါ။
- အစိမ်းရောင် ဟင်းသီးဟင်းရွက်
အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေက သံဓာတ်ကြွယ်ဝတာကြောင့် အရိုးတွေ သန်မာစေဖို့ အားဖြည့်ပေးပါတယ်။ ဒါကြောင့် အရိုးပွတာကို ကာကွယ်ချင်ရင် ကိုက်လန်၊ ဟင်းနုနွယ်တို့လိုမျီုး အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကို စားပေးပါ။
- ဥအမျိုးမျိုး
ဥအမျိုးမျိုးမှာ ပရိုတင်း နဲ့ ဗီတာမင် ဒီတို့ ပါဝင်နေပြီး အရိုးပွတာမျိုး မဖြစ်အောင် ကာကွယ်ပေးသလို အရိုးတွေ သန်မာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
- အခွံမာသီး
အခွံမာသီးတွေမှာ အိုမီဂါ သရီး ပါဝင်နေပြီး အရိုးအဆစ်တွေ သန်မာစေဖို့ အားဖြည့်ပေးသလို အရိုးမပွအောင်လည်း ကာကွယ်ပေးပါတယ်။
အစေ့အဆန်တွေမှာ ပရိုတင်းပါဝင်နေတာကြောင့် ကြွက်သားတက်စေသလို အရိုးသိပ်သည်းဆ တိုးစေပြီး အရိုးပွမစေဖို့ ထောက်ကူပေးပါတယ်။
- ဂေါ်ဖီထုတ်
ဂေါ်ဖီထုတ်၊ ပန်းဂေါ်ဖီစတာတွေကို စားပေးတာကလည်း အရိုးမပွအောင် ကာကွယ်ရာ ရောက်ပါတယ်။ ဒါကြောင့် ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုတ် စတာတွေကို စားပေးပါ။
အရိုးပွတာကို ကာကွယ်ဖို့ အခုပြောတဲ့ အစားအစာလေးတွေကို ပုံမှန်လေး စားပေးရင်ကို အိုကေပါတယ်။
မွန်မွန်